|
Article in other languages:
|
Amphibian ဆိုတာ မြန်မာလို ကုန်းတစ်ပိုင်းရေတစ်ပိုင်း (သို့) ကုန်းနေရေနေသတ္တဝါ လို့ အဓိပ္ပာယ်ရပါတယ်။ သတ္တဝါလောကတွင် ကုန်းနေသတ္တဝါများသည် ရေနေသတ္တဝါများထက်ပိုပြီး အဆင့်မြင့်ကြသည်။ ဤကုန်းနေရေနေသတ္တဝါများ၏ အဆင့်မှာ ကုန်းသတ္တဝါနှင့် ရေသတ္တဝါများ၏ ကြားထဲတွင်ရှိသည်။ ထို့ကြောင့် ၎င်းတို့မှာ အဆင့်မြင့် ကုန်းနေသတ္တဝါများကဲ့သို့ ကုန်းပေါ်တွင် နေထိုင်နိုင်ကြသော်လည်း အချိန်ကြာမြင့်စွာ မနေနိုင်ကြ။ ရေထဲသို့ တစ်ခါတစ်ရံ ပြန်ဆင်းကြရသည်။ ကုန်းနေရေနေ အုပ်စုတွင် ပါဝင်သော သတ္တဝါများမှာ- ဖား၊ မိချောင်း၊ လိပ်၊ ရေပုတ်သင်နှင့် အခြားအကောင်များပါဝင်သည်။
၎င်းတို့၏သဘာဝကုန်းနေရေနေ သတ္တဝါများမှာ သွေးအေးသတ္တဝါများ ဖြစ်ကြပြီး ကျောရိုးရှိများဖြစ်သည်။ ခြေလက် လေးချောင်းရှိသည်။ အသက်ရှူရာတွင် ပါးဟက်နှင့် အရေပြားတို့အပြင် အဆုတ်ကိုပါ အသုံးပြုကြသည်။ ဤသတ္တဝါများတွင် အကြေးခွံများ မရှိကြပေ။ ၎င်းတို့ကို ရေနှင့်အနီးတစ်ဝိုက် နေရာများနှင့် စိုစွတ်သော ပတ်ဝန်းကျင်များတွင် တွေ့ရှိနိုင်သည်။ အများစုမှာ အမြီးများရှိကြပြီး အရွယ်ရောက်ပြီး ဖားနှင့်ဖားပြုပ်များ၏ အမြီးများမှာ အမြီးငုတ်တိုများဖြစ်သည်။ စားသောက်ခြင်းအရွယ်ရောက်ပြီးသော သတ္တဝါအကြီးများမှာ အသားစား သတ္တဝါများ ဖြစ်ကြပြီး အများစုမှာ ကျောရိုးမဲ့ အကောင်များကို စားသုံးကြပြီး ကြီးမားသော ဖားများနှင့်ဖားပြုပ်များသည် ငှက်၊ ငါး၊ နို့တိုက်သတ္တဝါအချို့နှင့် အခြား ကုန်းနေရေနေ သတ္တဝါများကို စားသုံးကြသည်။ အရွယ်မရောက်သေးသော သားလောင်းကောင်များမှာမူ Herbivorous (အပင်စားသတ္တဝါများ) ဖြစ်သည်။ ရေညှိနှင့် အခြားသော ရေထဲရှိ အပင်များကို စားသုံးကြသည်။ မျိုးပွားနည်းကုန်းနေရေနေ သတ္တဝါများသည် ဥဥခြင်းဖြင့် မျိုးပွားကြသည်။ ၎င်းတို့ ဥချလိုက်သော ဥများမှ သားလောင်းများ ပေါက်လာကြသည်။ ထိုသားလောင်းများမှ တစ်ဆင့် အရွယ်ရောက်ပြီး အကောင်များဖြစ်လာသည်။ ဥများကို အများအားဖြင့် ရေထဲတွင် ဥတတ်ကြသည်။ သိပ္ပံနည်းကျခွဲခြားခြင်းKingdom: Animalia Phylum: Chordata Subphylum: Craniata Superclass: Tetrapoda Class: Amphibia
Subclass Lepospondyli - extinct Subclass Lissamphibia
ကိုးကားချက်[၁] Amphibians." Gale Encyclopedia of Science. Thomson Gale, 2001. NA. Academic OneFile. Gale. Oakland Community College. 9 Aug. 2008 [<http://find.galegroup.com/itx/start.do?prodId=AONE>.] Questions for article: |
This article is from Wikipedia. All text is available under the terms of the GNU Free Documentation License.
IHS Europe: Infrared Heating Systems for Home and Business.